ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

ပဋ္ဌာန်းနှင့် ဝိပဿနာ

ပဋ္ဌာန်းနှင့် ဝိပဿနာ (နိဒါန်း)

သဒ္ဓမ္မရံသီဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ဟောကြား၊ ရေးသားခဲ့တဲ့ ပဋ္ဌာန်း နှင့် ဝိပဿနာအကြောင်းကို အခန်းဆက် ဆောင်းပါးရှည် အနေနဲ့ မျှဝေသွားချင်လို့ပါ။

မြတ်ဗုဒ္ဓ၏ ခက်ခဲနက်နဲ ကျယ်ဝန်းလှသည့် ပဋ္ဌာန်းဒေသနာတော်ကို အဓိပ္ပါယ်ဖွင့်ဆို၍သော်လည်းကောင်း၊ တရားသဘော ကောက်နှုတ်၍သော်လည်းကောင်း နည်းမျိုးစုံဖြင့် အစဉ်အဆက် ဟောကြားရေးသားခဲ့ကြပြီး ဖြစ်ပါသော်လည်း ... သဒ္ဓမ္မရံသီဆရာတော်ကြီး အရှင်ကုဏ္ဍလာဘိဝံသ၏ ပဋ္ဌာန်းဒေသနာ နှင့် ဝိပဿနာတရားကို ယှဉ်တွဲဆက်စပ်၍ ဟောကြားရေးသားခြင်းသည် အဦးအစ ပထမ ဖြစ်လိမ့်မယ်ထင်ပါတယ်။
ဆရာတော်ဟောကြားခဲ့တာကို အနည်းငယ် ပြန်ချုပ်၍ တရားကိုယ်များကို အဓိကထား ပြန်တင်ပြပါမယ်။ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်မှ စာချဆရာတော် အရှင်တေဇနိယ၏ ပထမကြီးတန်းအတွက် ပဋ္ဌာန်းအလင်းရောင်ကျမ်းမှလည်း အနည်းငယ် တင်ပြပါ့မယ်။ ပခုက္ကူဆရာတော်ဘုရားကြီး အရှင်ဘဒ္ဒန္တဣန္ဒောဘာသ မှ ပဋ္ဌာန်းနှင့်ဓမ္မာနုပဿာနာရှုပုံ ဟောထားတာလည်း ရှိပါတယ်။ ဤကျမ်းပြီးပါက ဆက်လက်ဖော်ပြပါ့မယ်။

ဤဆောင်းပါးဖြင့် မြင်းမိုရ်တောင်ဦး မကကျုးသည့် ကျေးဇူးရှင် မိဘနှစ်ပါးအားလည်းကောင်း၊ ငယ်စဉ်တောင်ကျေးမှ ယနေ့ထိ ကျွေးမွေးပြုစုပေးခဲ့သော ဘကြီးများ၊ ဦးများ၊ အဒေါ်များအားလည်းကောင်း၊ ကျေးဇူးတော်ရှင် မူလပဋ္ဌာန်းဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဦးနာရဒအားလည်းကောင်း၊ ပခုက္ကူဆရာတော်ဘုရားကြီး အရှင်ဘဒ္ဒန္တဣန္ဒောဘာသအားလည်းကောင်း၊ မဟာစည်နာယက အဂ္ဂမဟာကမ္မဋ္ဌာနစရိယ သဒ္ဓမ္မရံသီဆရာတော်ကြီး အရှင်ကုဏ္ဍလာဘိဝံသအားလည်းကောင်း၊ သာသနာနယ်မြေသို့ ပထမဆုံးရောက်အောင် ပို့ဆောင်ပေးခဲ့သော တိပိဋကဓရ အရှင်နန္ဒမာလာဘိဝံသအားလည်းကောင်း၊ အစစအရာရာသွန်သင်ဆုံးမပေးနေသော သူငယ်တော်တောရ ဆရာတော် ဦးအရိယာဝံသအားလည်းကောင်း၊ ကန္နီ သမထ ဝိပဿနာရှုနည်းအား ပြသပေးခဲ့သည့် ရန်ကင်းအေးငြိမ်းရိပ်သာမှ အရှင်ကေလာသအားလည်းကောင်း၊ မေတ္တာစေတော ဝိမုတ္တိတောရမှ ဒေါက်တာဓမ္မရက္ခိတအားလည်းကောင်း၊ ဝါတွင်းဝါပ ပဋ္ဌာန်း ၅ ကျမ်းအား စိတ်ရှည်စွာ သင်ကြားပြသပေးခဲ့သော ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချဆရာတော် အရှင်တေဇနိယအားလည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်မှ အရှင်ပဏ္ဍိတအားလည်းကောင်း၊ အရှင်ဝါယမအားလည်းကောင်း၊ အရှင်ဇောတိကအားလည်းကောင်း၊ ဆူးလေအဘိဓမ္မာအသင်းမှ ဆရာကြီး၊ ဆရာမကြီးများအားလည်းကောင်း၊ ဓမ္မဗျူဟာမှ ဆရာမကြီးဒေါ်ခင်လှတင်နှင့် ဆရာ၊ ဆရာမများအားလည်းကောင်း၊ မင်္ဂလာဗျူဟာမှ ဆရာ၊ဆရာမများအားလည်းကောင်း၊ ရှင်သာမဏေမှ ဆရာကြီး၊ ဆရာမကြီးများအားလည်းကောင်း၊ ဝိပဿနာရှုမှတ်ပုံအား အသေးစိတ် သင်ကြားပြသပေးနေသော ဆရာဦးမြင့်နိုင်အားလည်းကောင်း၊ ဆရာကြီးဦးဋ္ဌေးအောင်အားလည်းကောင်း၊ ဒေါက်တာဦးမင်းတင်မွန်အားလည်းကောင်း၊ ဦးမြသန်းစံအားလည်းကောင်း၊ ဝိပဿနာတရားအားထုတ်ရန် ပထမဆုံး တိုက်တွန်းပြသပေးခဲ့သော ကိုမြင့်ကိုအားလည်းကောင်း၊ မြန်မာပြည်တလွှား အပင်ပန်းခံ အဆင်းရဲခံကာ သာသနာအား အသက်ဆက်ပေးနေသော ပရိယတ္တိစာသင်တိုက်များမှ စာချဆရာတော်များအားလည်းကောင်း၊ အခြားသင်စရာ၊ မြင်ဆရာ၊ ကြားဆရာများအားလည်းကောင်း ရှေးဦးစွာ ဂါရဝပြု၍ ကျေးဇူးတုံ့ဆပ် ပူဇော်ပါတယ်။

ပဋ္ဌာန်းလေ့လာသူများအတွက်လည်း တစုံတရာ အကျိုးများလိမ့်မယ်လို့ ယူဆပါတယ်။ ကျနော် ပဋ္ဌာန်းပါရဂူလည်း မဟုတ်ပါဘူး။ ပညာရှင်လည်း မဟုတ်ပါဘူး။ အဘိဓမ္မာကို စတင်သင်ကြားကတည်းက ပဋ္ဌာန်းဒေသနာတော်ကို နီးစပ်ရာ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များထံမှာ လက်လမ်းမှီသလောက် လေ့လာခွင့်ရခဲ့ပါတယ်။ လေ့လာနေဆဲလည်းဖြစ်ပါတယ်။ တစုံတရာ အမှားများပါရှိက ကျနော်၏ တာဝန်ဖြစ်ပါတယ်။ လိုအပ်တာများရှိပါက Email ဖြင့် ကျနော့်ကို သွန်သင်ဆုံးမကြပါခင်ဗျာ။

1 comments:

သစ္စာအလင်း said... @ June 15, 2009 at 5:19 AM

ကိုပြည့်ဖြိုးရေ...မူလဓမ္မ ကိုလာလည်တာကျေးဇူးအများကြီးတင်ပါတယ်..။
ပဋ္ဌာန်းတွေ တင်ပေးနေတာကိုစောင့်ဖတ် သွားပါမယ်။သာဓုလည်းခေါ်ပါတယ်...ဘုန်းဘုန်းဒေါက်တာဓမ္မရဲ့ တပည့်ဖြစ်တာသိရလို့လည်း ဝမ်းသာပါတယ်..။
အံတီ ဘုန်းဘုန်းအတွက် ဆိုက်ကလေးတစ်ခုလုပ်ထားတယ် အကြံပြုပေးပါအုံး။
http://drdhammarakkhita.mmgenius.com

သစ္စာအလင်း

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်