ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

ယမကပါဋိဟာရိယဉာဏ်တော်

၂။ ယမကပါဋိဟာရိယဉာဏ်တော်

ဘုန်းတော်စေတီ

ယမကပါဋိဟာရိယဉာဏော အနန္တော ဧတေန သစ္စဝဇ္ဖေန သောတ္ထိ မေ ဟောတု ဇယမင်္ဂလံ။
  • ဣဿရိယဉ္စေဝဓမ္မော၊ သိရီစေဝ တထာယသော၊ ကာမောစာတိ ပယတ္တောစ၊ ဗုဒ္ဓုပေတံ အဟံနမေ။
  • နမောတေ ဗုဒ္ဓဝီရတ္ထု ဝိပ္ပမုတ္တောသိ သဗ္ဗဓိ၊ သမ္ဗာဓပ္ပဋိပန္နောသ္မိ၊ တဿ မေ သရဏံဘဝ။
  • သမ္ဗုဒေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတသဟဿာနိ၊ နမာမိ သီရသာမဟံ။ အပ္ပကာ ဝါလုကာ ဂင်္ဂါ၊ အနန္တာနိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
  • ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ အာသေဝနပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊ အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊ ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ။

ရေအစုံ၊ မီးအစုံ၊ တန်ခိုးအဟုန်တို့ဖြင့် ကလာပ်အစုံ၊ ဓာတ်အစုံ ဖွင့်လှစ်တော်မူသော ယမကပါဋိဟာရိယရွှေဉာဏ်တော်ကို ရေတွက်၍ မကုန်နိုင်ပါတကား။

(တန်ခိုးတော်ဖြင့် အောင်ပါသည်။)

မြန်မာပြန်အနက်

၂။ ယမကပါဋိဟာရိယဉာဏော အနန္တော

(က) ဣဿရိယ .......... ဗုဒ္ဓုပေတံ အဟံနမေ။
အဏိမာ လင်္ဃိမာ စသည်တရိုး အစိုးရခြင်း ရှစ်ပါးတည်းဟူသော ဣဿရိယဘုန်းတော်သည်လည်းကောင်း၊ ရှစ်ဖြာတစ်သွယ် လေးဆယ်ဝိမုတ် လောကုတ်ထင်ရှား မြတ်တရားတည်းဟူသော ဓမ္မဘုန်းတော်သည်လည်းကောင်း၊ လက္ခဏာတော်ဂုဏ် ပြည့်စုံတော်မူသဖြင့်ရူပါကာယအသီး ရွှေတောင်ကြီးကဲ့သို့ မငြီးရှူဖွယ် တင့်တယ်တော်မူခြင်းတည်းဟူသော သိရီဘုန်းတော်သည်လည်းကောင်း၊ ထိုမှတစ်ပါး မဖောက်မပြန် အရဟံစသော ဘဂဝါအဆုံး ဆယ်လုံးကုန်သော ဂုဏ်တော်ပုဒ်တို့ဖြင့် အဟုတ်ထင်ပေါ် ကျော်စောတော်မူခြင်းတည်းဟူသော ယသဘုန်းတော်သည်လည်းကောင်း၊ ကျိုးနှစ်ဝကို တောင့်တကြည်ညို အလိုရှိတော်မူခြင်းတည်းဟူသော ကာမဘုန်းတော်သည်လည်းကောင်း၊ နတ် လူ ဗြဟ္မာ သတ္တဝါတို့၏ ဆရာအဖြစ်ကို စင်စစ်ရှားမှီး ပြီးစေနိုင်ခြင်း- သမ္မာဝါယမတည်းဟူသော ပယတ္တဘုန်းတော်သည်လည်းကောင်း၊ ဤဘုန်းတော် ၆-ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

(ခ) နမောတေ .............. တဿ မေ သရဏံဘဝ။
ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားအား ရိုသေမြတ်နိုး ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။ အရှင်ဘုရားသည် တဏှာတည်းဟူသော တောင့်တခြင်းမှ စင်ကြယ်သန့်ရှင်း လွတ်ကင်းတော်မူသည်ဖြစ်ပြီ။ အကျွန်ုပ်သည် ကျဉ်းမြောင်းခြင်းသို့ ရောက်လျက်ရှိနေပါသည်။ အရှင်ဘုရားသည် ထိုအကျွန်ုပ်၏ ကိုးကွယ် လဲလျောင်း၊ ပုန်းအောင်း မှီခိုရာသည် ဖြစ်တော်မူပါလော့။

(ဂ) သမ္ဗုဒေ .............. နမာမိ သီရသာမဟံ။

(ဃ) ဟေတုပစ္စယော ............ အဝိဂတပစ္စယောတိ။
၂၄-ပစ္စည်း ပဋ္ဌာန်းအဓိပ္ပါယ် အကျယ်ကို ဝိပဿနာနှင့်တွဲ၍ ရှုမှတ်ပုံ ပြန်ဖော်ပြပါမည်။
(အတွင်း၊ အပြင် ရန်အောင်၍ ဘုန်းတန်ခိုးကြီးမားသည်။ ကုသိုလ်ပြုရန် အခွင့်ကြုံတိုင်း သတ္တိရှိပါစေ။)

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်