ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

သဗ္ဗညုတဉာဏ်တော်

၅။ သဗ္ဗညုတဉာဏ်တော်

ဉာဏ်တော်စေတီ

သဗ္ဗညုတဉာဏော အနန္တော ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု ဇယမင်္ဂလံ။
  • လဒ္ဓါနဘူ နမေဗုဒ္ဓံ၊ သဗ္ဗညေယျေ ခီဏာသဝေ နိယျာနိ ကန္တရာယေစ၊ ဝေသာရဇ္ဇေတိ ကေဟိစိ။
  • ဓမ္မတ္ထဒေသနာဝေဒ၊ စတုဂမ္ဘီရဒုဒ္ဒသံ၊ ဓမ္မံလောကဿ ဒေသေန္တံ၊ ဓမ္မရာဇံ နမာမဟံ။
  • သွက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ သြပနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟီတိ။
  • ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံဟေတုံ၊ တထာဂတော၊ အာဟတေ သဉ္စယော နိရောဓော၊ ဧဝံဝါဒိ မဟာသမဏော။
  • ပဌမံ သကလက္ခဏ မေကပဒံ၊ ဒုတိယာဒိ ပဒဿနိ ဒဿနတော၊ သမနိ၊ ဒုနိမာ၊ သမဒူ၊ သနိဒူ၊ ကမတော ဝိဘဇေ ပထမေနဝိနာ။
  • အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂနိရောဓာ - သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ - ဝိဉာဏာနိရောဓော၊ ဝိဉာဏာနိရောဓာ - နာမရူပနိရောဓော၊ နာမရူပနိရောဓာ - သဋ္ဌာယတနနိရောဓော၊ သဋ္ဌာယတနနိရောဓာ- ဖဿနိရောဓော၊ ဖဿနိရောဓာ - ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ - တဏှာနိရောဓော၊ တဏှာနိရောဓာ - ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ - ဘဝနိရောဓော၊ ဘဝနိရောဓာ - ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏ သောကပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊ ဧဝမေ တဿ ကေဝလဿ ဒုက္ခက္ခနဓဿ နိရောဓော ဟောတိ။ စိရံတိဋ္ဌတု သဒ္ဓမ္မော ဓမ္မေ ဟောန္တု သဂါရဝါ ဒုသနိမ သဒုမနိ။
လောကီ လောကုတ္တရာ တရားအပေါင်းတို့၌ အလုံးစုံ အကုန်အစင် သိမြင်တော်မူသော သဗ္ဗညုတရွှေဉာဏ်တော်ကို ရေတွက်၍ မကုန်နိုင်ပါတကား။
(ကြောင်းကျိုး ကောင်းမှန် ထူးမြတ်၍ အောင်ပါသည်။)

မြန်မာပြန်

၅။ သဗ္ဗညုတဉာဏော အနန္တော

(က) လဒ္ဓါနဘူ ......... ဝေသာရဇ္ဇေတိ ကေဟိစိ။
အကြင်မြတ်စွာဘုရားသည် သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်အားဖြင့် ငါးပါးအမှန် ဉေယျဓမ်ကို ဖောက်ပြန်မယွင်း သိမြင်တော်မူခြင်း၌လည်းကောင်း၊ အာသဝေါတရား လေးပါးတို့ကို ပယ်ရှားတော်မူခြင်း၌လည်းကောင်း၊ ဟောတော်မူခြင်း၌လည်းကောင်း၊ ဟောပြတော်မူခြင်း၌လည်းကောင်း၊ တစ်စုံတစ်ယောက်ကုန်သော လူပညာရှိ, နတ်ပညာရှိ, ဗြဟ္မာပညာရှိ, ကဝိပဏ္ဏိတ် ပုရောဟိတ်အပေါင်းတို့သည် စောဒနာဖြင့် ပြစ်ရှာနှိမ်နင်း စွပ်စွဲခြင်းငှာ မတတ်ရာသော၊ ပရိသတ်ရှစ်ဖြာ ဗိုလ်ပါများစွာ အလယ်၌ တင့်တယ်လှစွာ ကေသရာခြင်္သေ့မင်းကဲ့သို့ ရွံ့ရှာလွတ်ကင်း ရဲရင့်ခြင်းတည်းဟူသော စတုဝေဿရဇ္ဇဉာဏ်တော်ကိုလည်း ရတော်မူပြီး ထိုသို့သဘောရှိတော်မူသော မြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

(ခ) ဓမ္မတ္ထဒေသနာဝေဓ ......... နမာမဟံ။
ပါဋ္ဌိ၏ နက်နဲခြင်း၊ ဒေသနာ၏ နက်နဲခြင်း၊ အသိဉာဏ်၏ နက်နဲခြင်းတည်းဟူသော လေးပါးသော နက်နဲခြင်းတို့ဖြင့် မြင်နိုင်ခဲထသော တရားကို လူ၊ နတ်၊ ဗြဟ္မာ အပေါင်းတို့အား ဟောတော်မူတတ်သော တရားမင်းဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရိုခိုးကန်တော့ပါ၏ အရှင်ဘုရား။
(လောကီ၊ လောကုတ် ထူးချွန်၍ ပညာဉာဏ်ကြီးသည်။ မလျော့မတင်း လမ်းဆုံးရောက်အောင် အားထုတ်ပါ။)

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်