ဓမ္မဗောဓိ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ ခပ်သိမ်းသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

မဟာကရုဏာသမာပတ္တိဉာဏ်တော်

၁။ မဟာကရုဏာသမာပတ္တိဉာဏ်တော်

ကံတော်စေတီ

မဟာကရုဏာသမာပတ္တိဉာဏော အနန္တော ဧတေန သစ္စဝဇေန သောတ္ထိ မေ ဟောတု ဇယမင်္ဂလံ။
  • ပါရမိံ ပါရမိံ သဗ္ဗံ၊ ပူရံပူရံဟိ စတ္တာရိ၊ သင်္ချေ သင်္ချေယျာကပ္ပါပိ၊ သတာ သတာဒသဉ္စာပိ။
  • ကာရုံ ကာရုည ကာရဏာ၊ သတ္တာ သတ္တာန မတ္ထာယ၊ ပတ္တာ ပတ္တာမ ဒိဗ္ဗေသော၊ ဇိနာဇိန တမာဝန္ဒေ။
  • ခန္တီပရမံ တပေါတိ တိက္ခာ၊ နိဗ္ဗာနံ ပရမံဝဒန္တိ ဗုဒ္ဓါ၊ န ဟိ ပဗ္ဗဇ္ဇိတောပ ရူပဃာတီ၊ န သပဏော ဟောတိပရံဝိဟေဌ ယန္တော။
  • သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ဗဒါ၊ သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။
  • အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခေစ သံဝရော၊ မတ္တညူတာစ ဘတ္တသ္မိံ၊ ပန္တဉ္စ သယသာသနံ။ အဓိစိတ္တေစ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။
  • သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ။ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ၊ သဗ္ဗဣတ္ထိယော၊ သဗ္ဗေပုရိသာ၊ သဗ္ဗေအရိယာ၊ သဗ္ဗေအနရိယာ၊ သဗ္ဗေဒေဝါ၊ သဗ္ဗေမနုဿာ၊ သဗ္ဗေဝိနိပါတိကာ၊ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခီအတ္တာနံ ပရိဟရန္တု၊ ဒုက္ခာမုဉ္ဈန္တု၊ ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု၊ ကမ္မဿကာ။
စကြာဝဠာ အနန္တရှိ သတ္တဝါ အသင်္ချေ အနန္တတို့အား ကြီးမြတ်သော မဟာကရုဏာတရားတော်ကို အညီအမျှ ရောက်တော်မူသည့် မဟာကရုဏာသမာပတ္တိ ရွှေဉာဏ်တော်ကို ရေတွက်၍ မကုန်နိုင်ပါတကား။
(မေတ္တာ၊ ကရုဏာဖြင့် အောင်ပါသည်။)

မြန်မာပြန် အနက်

၁။ မဟာကရုဏာသမာပတ္တ္ကိ္ကဉာဏော အနန္တော

(က) ပါရမိံ ပါရမိံ သဗ္ဗံ ........ သတာဒသဉ္စပိ။
နိဗ္ဗာန်သို့ ရောက်ကြောင်းဖြင့်သော ကျင့်အပ် ကျင့်ထိုက်သမျှသော အလုံးစုံသော ပါရမီဆယ်ပါး၊ အပြားသုံးဆယ်အပေါင်းကို လေးသင်္ချေနှင့်တကွ သင်္ချေ နှစ်ဆယ်တို့ပတ်လုံးလည်းကောင်း၊ ကမ္ဘာတစ်သိန်းတို့ ပတ်လုံးလည်းကောင်း ဖြည့်ကျင့်တော်မူပြီးသော ထိုမြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

(ခ) ကာရုံ ကာရုညာ ....... တမာဝန္ဒေ။
တေဘုမ္မက ဝဋ်ဒုက္ခ၌ ဆင်းရဲကြီးစွာခံနေရသော သတ္တဝါအပေါင်းကို သနားတော်မူလှသောကြောင်းကြောင့် သညာရှိသော သတ္တဝါ၊ သညာမရှိသော သတ္တဝါ၊ အန္ဓတ္တသတ္တဝါ၊ ရုဠီသတ္တဝါတို့၏ အကျိုးငှာ၊ ဒုက္ခရောကြိတ် သံကိလိဌ်ဟု အဆိပ်လျှံတက် အနာပျက်ကို ဖျက်ဆီးတတ်သော အရဟတ္တမဂ် ရေအေးဖြင့် ပျောက်ပျက်ကင်းဝေးစေ၍ ချမ်းအေးသော ကိုယ်တော်၏ အဆုံးသို့လည်း ရောက်တော်မူထသော၊ မရောက်ဖူးသော ဘုရားအဖြင့်သို့ ရောက်တော်မူပြီးထသော၊ မထွန်းလင်းသေးသော လောကုတ္တရာတရားကို လွန်စွာထွန်းလင်းစေတော်မူပြီးထသော ထိုမြတ်စွာဘုရားကို ဘုရားတပည့်တော်သည် လွန်စွာရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

(ဂ) ခန္တီပရမံ တပေါတိ ........ ယန္တော။
မိမိအပေါ်ဝန်တက် သည်းခံခြင်းသည် အမြတ်ဆုံး၊ နိဗ္ဗာန်ကို အမြတ်ဆုံးဟု ဘုရားရှင်တို့ ဟောကုန်၏။ ရဟန်းမည်သည် သူတစ်ပါးကို မညှင်းဆဲရ။ သူတစ်ပါးကို ညှင်းဆဲသူသည် ရဟန်းမဟုတ်။

(ဃ) သဗ္ဗပါပဿ ........ ဧတံ ဗုဒ္ဓါနသာသနံ။
မကောင်းမှူ အကုသိုလ်ကို ဘယ်သောအခါမှ မပြုရာ။ ကောင်းမှူ ကုသိုလ်ကို အမြဲတစေကျင့်ရာ၏။ မိမိစိတ်ကို ဖြူစင်အောင်၊ ကြည်လင်အောင် ထိန်းသိမ်းစောင့်ရှောင့်ရာ၏။ ဤကား ဘုရားရှင်အဆူဆူတို့၏ အဆုံးအမတည်း။

(င) အနုပဝါဒေါ ......... ဧတံ ဗုဒ္ဓါနသာသနံ။
နှုတ်ဖြင့် သူတစ်ပါးကို မညှင်းဆဲရာ၊ မစွတ်စွဲရာ၊ အမြတ်ဆုံးသီလတော်၌ စောင့်စည်းရာ၏။ စားသောက်မှု၌ အတိုင်းအရှည်ကို သိရာ၏။ ဆိတ်ငြိမ်သော အိပ်ရာနေရာကို မှီဝဲရာ၏။ လွန်ကဲသော သမာပတ်စိတ်ဖြင့် အားထုတ်ရာ၏။ ဤကား ဘုရားရှင် အဆူဆူတို့၏ အဆုံးအမတည်း။

(စ) သဗ္ဗေသတ္တာ ......... ကမ္မဿကာ။
သက်ရှိကျန်းမား လူသတ္တဝါအပေါင်း၊ ဝင်သက် ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း၊ အလုံးစုံသော သတ္တဝါအပေါင်း၊ ပုဂ္ဂိုလ်အပေါင်း၊ ရုပ်နာမ်နှစ်ပါး ရှိကြကုန်သော သတ္တဝါအပေါင်း၊ အမျိုးသမီးအပေါင်း၊ အမျိုးသားအပေါင်း၊ အရိယာသူတော်စင်အပေါင်း၊ အရိယာ မဖြစ်သေးသော သူတော်စင်အပေါင်း၊ နတ်ဗြဟ္မာအပေါင်း၊ လူသားအပေါင်း၊ အပါယ်ဘုံသားအပေါင်း၊ ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ၊ မွေးမြူနိုင်ကြပါစေ။
(လူ၊ နတ် ချစ်ခင်၍ ကုသိုလ်ကံမြင့်သည်။ မေတ္တာ၊ ကရုဏာ အအေးဓာတ်ကြီးဖြင့် လွှမ်းခြုံထားကြပါ။)

0 comments:

Post a Comment

 
အမတံ ဒဒေါစ သော ဟောတိ - တရားအလှူပေးလှူသူသည် အမြိုက်နိဗ္ဗာန် ပေးလှူသူမည်၏။ (ဘဝတိုင်း ဉာဏ်ထက်မြက်စေ၏။)

ဤဓမ္မblogမှ တရားများအား ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တန့်ရန် ဖြန့်ဝေကြပါခင်ဗျား။


တခြားဘာသာများ လေ့လာချင်ရင်....
သမ္မာကျမ်းစာ-မြန်မာပြန် (Bible)
ကုရ်အာန်ကျမ်းစာ-မြန်မာပြန် (Quran)
ဟိန္ဒူ ဘာသာ (Hinduism)
ဂျူး ဘာသာ (Judaism)
ဂျိန်း ဘာသာ (Jainism)
အစ္စလာမ် ဘာသာ (Islam)

Followers

ကျွန်တော့် အကြောင်း

ဆက်သွယ်ချင်ရင်